မိုင်းကိုင်မြို့နယ်တွင် စစ်ရှောင် ထော်လာဂျီ တိမ်းမှောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းကိုင်မြို့နယ်တွင် စစ်ရှောင် ထော်လာဂျီ တိမ်းမှောက်


မိုင်းကိုင်မြို့နယ်၊ ပင်ကေတုကျေးရွာအုပ်စု၊ ကုန်းလှိုင်း အနီး၌ စစ်ဘေးရှောင်များ လိုက်ပါ စီးနင်းလာသော ထော်လာဂျီသည် ယနေ့ စက်တင်ဘာလ ၂၀ ရက်၊ နေ့လယ်ပိုင်းတွင် လမ်းချော်ပြီး လမ်းဘေးသို့ ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

.
ဟိုခဲကျေးရွာအုပ်စုမှ စစ်ဘေးရှောင် ပြည်သူများသည် ပန်ကေတုဘက်သို့ အိမ်သုံးပစ္စည်းများ တင်ဆောင်ကာ ထော်လာဂျီဖြင့် စစ်ဘေးရှောင်စဉ် ယင်းကဲ့သို့ တိမ်းမှောက်ခဲ့ရခြင်း ဖြစ်သည်။
.
အဆိုပါ ထော်လာဂျီ တိမ်းမှောက်မှုကြောင့်  စစ်ရှောင် အချို့တွင် ထိခိုက်ဒဏ်ရာ ရခဲ့‌ကြောင်းလည်း သိရသည်။
.
မိုင်းကိုင်မြို့နယ် အတွင်း၌ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်က စတင်၍ RCSS/SSA နှင့် SSPP/SSA တို့ တိုက်ပွဲ ဖြစ်ပွား၍ စစ်ရေး တင်းမာနေမှုကြောင့် ဒေသခံပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင် အဖြစ် နေရပ်စွန့်ခွာ ထွက်‌ပြေး နေကြရခြင်း ဖြစ်သည်။
.
#KBZTai  #Shan  #News20Sep2021

Journal Download

Photo of three cats