ပင်လောင်း မြို့မစျေးနှင့် ၅ ရက် တစ်စျေးများကို ကန့်သတ်ချက်ဖြင့် ပြန် ဖွင့်ခွင့်ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်လောင်း မြို့မစျေးနှင့် ၅ ရက် တစ်စျေးများကို ကန့်သတ်ချက်ဖြင့် ပြန် ဖွင့်ခွင့်ပြု


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ရှိ မြို့မဈေးနှင့် ၅ ရက် တစ်စျေးများ ဖြစ်သည့် ပင်ခွန်စျေး၊ ဆောင်းပြောင်းစျေး၊ နောင်ဝိုးစျေး၊ ထီယွန်းစျေးတို့အား ယနေ့ စက်တင်ဘာလ ၂၅ ရက်မှ စတင်၍ ကန့်သတ်ချက်များဖြင့် ပြန်လည် ဖွင့်လှစ် ရောင်းချခွင့် ပြုပြီ ဖြစ်ကြောင်း သိရသည်။

.

အခြေခံ စား‌သောက်ကုန်များ ဖြစ်သော ပျံကျစျေးသည်များ၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးနှင့် ဆေးဝါးဆိုင်များသာ နံနက် ၇ နာရီမှ နေ့လယ် ၂ နာရီထိ ဈေး ရောင်းချခွင့်ရမည် ဖြစ်ပြီး ကျန်ဆိုင်များ အားလုံး ရောင်းချခွင့် မရှိသည့် အပြင် Stay at Home မြို့နယ်များနှင့် အခြားရပ်ဝေး မြို့နယ်များမှ စျေးသည်များကိုလည်း ဈေး ရောင်းချခွင့် မပြု‌သေးကြောင်း သိရသည်။

.

ယင်း စည်းကမ်းချက်များအား လိုက်နာရန်ပျက်ကွက်ပါက သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနက ထုတ်ပြန်ထားသည်။

.

ပင်လောင်းမြို့နယ်တွင် စက်တင်ဘာလ ၂၄ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၁၃၃၅ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၁၅ ဦး သေဆုံး၍ ၁၂၁၅ ဦး ပိုး ကင်းစင်ပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats