တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်းရှိ မြေကွက်၌ ယနေ့ စက်တင်ဘာလ ၁၆ ရက်၊ နေ့လယ်ပိုင်းတွင် မြေယာ အငြင်းပွားရာမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၂ ဦး သေဆုံး၍ ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
သေဆုံးသူများမှာ အသက် ၃၇ နှစ်အရွယ် မဲကြီးနှင့် အသက် ၃၃ နှစ်အရွယ် သားငယ်တို့ ဖြစ်ပြီး နိုင်ဝင်း ဆိုသူ၏ ခြေထောက်တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ၎င်းတို့သည် အလုပ်သမားများ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သေနတ်ဖြင့် ပစ်ခတ်သူမှာ အငြင်းပွား မြေကွက်အား ရောင်းသူ ဖြစ်ပြီး ၎င်းကို မယ်ယန်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ပစ္စတိုသေနတ်နှင့်အတူ ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သိရသည်။