လောက်ကိုင် - ချင်းရွှေဟော်လမ်းတွင် ယာဉ်တိုက်မှု ဖြစ်၍ ၃ ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လောက်ကိုင် - ချင်းရွှေဟော်လမ်းတွင် ယာဉ်တိုက်မှု ဖြစ်၍ ၃ ဦး သေဆုံး


ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ လောက်ကိုင် - ချင်းရွှေဟော်လမ်းပေါ်တွင် ယနေ့ စက်တင်ဘာလ ၂၁ ရက်၊ နေ့လယ်ပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သဖြင့် လူ  ၃ ဦး သေဆုံးခဲ့‌ကြောင်း သိရသည်။

.
လောက်ကိုင် - ချင်းရွှေဟော်လမ်း၊ မိုင်တိုင်အမှတ် (၁၇/၃)တွင် လောက်ကိုင်မြို့မှ မောင်းနှင်လာသော Mark II အဖြူရောင်ယာဉ်သည် မိုးရွာသွန်းမှုကြောင့် လမ်းချော်ကာ အရှိန် မထိန်းနိုင်ဘဲ  တစ်ဖက် ယာဉ်ကြောဖက်မှ မျက်နှာချင်းဆိုင် မောင်းနှင်လာသော ၁၀ ဘီးယာဉ်နှင့် ဝင် တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။
.
ယာဉ်တိုက်မှုကြောင့်  Mark II ယာဉ်ပေါ်ပါ ယာဉ်မောင်း အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး ၊ စုစုပေါင်း ၃ ဦး သေဆုံးခဲ့‌ကြောင်းနှင့် ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများက သွားရောက် ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ သေဆုံးသူများ၏ ရုပ်အလောင်းများအား လောက်ကိုင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
.
#KBZTai  #Shan  #News21Sep2021

Journal Download

Photo of three cats