နမ့်စန်မြို့တွင် သဲသယ်ယာဥ် တစ်စီး အရှိန်လွန် ဘရိတ်ပေါက်ပြီး နေအိမ်အတွင်းသို့ ဝင်တိုက်မိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်စန်မြို့တွင် သဲသယ်ယာဥ် တစ်စီး အရှိန်လွန် ဘရိတ်ပေါက်ပြီး နေအိမ်အတွင်းသို့ ဝင်တိုက်မိ


နမ့်စန်မြို့ (၄)ရပ်ကွက် အဆင်းတွင် ယနေ့ စက်တင်ဘာလ ၃ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်က သဲသယ်ယာဥ် တစ်စီး ဘရိတ်ပေါက်ပြီး နေအိမ်အတွင်း ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.
အရှိန်လွန် ဘရိတ်ပေါက်ကာ နေအိမ်အတွင်းသို့ ယာဉ် တစ်စီးလုံး ဝင်ရောက်သွားမှုကြောင့် နေအိမ် ပျက်စီးသွားသော်လည်း နေအိမ်တွင်း လူ ထိခိုက်မှု မရှိခဲ့ဘဲ ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
.
ယင်း ဖြစ်ပွားရာနေရာသို့ နမ့်စန်မြို့နယ်မီးသတ်တပ်ဖွဲ့၏ ကယ်ဆယ်ရေးအဖွဲ့ နှင့် တောင်တန်းလူငယ်လူမှုကူညီရေးအသင်း၊ ငြိမ်းချမ်းလူငယ်လူမှုကူညီရေးအသင်း နှင့် အနီးနေ ပြည်သူများက ယာဉ်အတွင်း ပိတ်မိနေသူကို ကယ်ထုတ်ပြီး ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။


Journal Download

Photo of three cats