နမ့်ခမ်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ မန့်ခမ်းရပ်၊ မူဆယ်-နမ့်ခမ်းသွား ပြည်ထောင်စုကားလမ်းတွင် စက်တင်ဘာလ ၁၂ ရက်က မော်တော်ယာဉ်အတွင်း သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူများကို ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ နမ့်ခမ်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ မန့်ခမ်းရပ်၊ မူဆယ်-နမ့်ခမ်းသွား ပြည်ထောင်စုကားလမ်းတွင် မူဆယ်မြို့ဘက်မှ နမ့်ခမ်းမြို့ဘက်သို့ ခေါယော(ခ) ရှောက်ခုန် မောင်းနှင်ပြီး ထန်းချမ်း(ခ)လောက်ဝူး လိုက်ပါသည့် TOYOTA LAND CRUISER PRADO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်အတွင်း သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူ အလေးချိန် ၁ ဒသမ ၈၄ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၇၆ သိန်း)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း CCDAC က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ဘိန်းဖြူများနှင့် အတူ ဖမ်းဆီးရမိသည့် ခေါယော (ခ) ရှောက်ခုန် နှင့် ထန်းချမ်း (ခ) လောက်ဝူး တို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။