မြန်မာနိုင်ငံ ပြည်တွင်းရွှေဈေးကွက်၌ ၁၆ ပဲရည် အခေါက်ရွှေဈေးနှုန်းသည် တစ်ကျပ်သားလျင် ၂၂၂၀၀၀၀ ကျပ်သို့ ခုန်တက် သွားကြောင်း သိရသည်။
.
ယနေ့ စက်တင်ဘာလ ၂၈ ရက် တစ်ရက်အတွင်း တစ်ကျပ်သားလျင် မြန်မာကျပ်ငွေ ၁၇၀၀၀၀ အထိ ခုန်တက်သွားခြင်း ဖြစ်ပြီး ယမန်နေ့က တစ်ကျပ်သားလျင် ၂၀၅၀၀၀၀ ကျပ်မှ ယနေ့ စက်တင်ဘာလ ၂၈ ရက်၊ ညနေ ၃ နာရီကျော်တွင် ၂၂၂၀၀၀၀ ကျပ်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
.
ပြည်တွင်း ရွှေဈေးနှုန်းသည် ဒေါ်လာဈေး အတက်/အကျပေါ်တွင် မူတည်ပြီး လက်ရှိ ဒေါ်လာ ဈေးနှုန်းမှာလည်း ဗဟိုဘဏ်က တစ်ဒေါ်လာလျှင် ၁၇၅၅ ကျပ်သာ သတ်မှတ်ထားသော်လည်း ပြင်ပတွင်မူ ၂၅၀၀ ကျပ်ထိ ရှိနေကာ ဈေးနှုန်းကွာဟမှု ရှိနိုင်ကြောင်း သိရသည်။
.
#KBZTai #Shan #News28Sep2021
.
[ Photo - Local ]