လာအိုပြန် မြန်မာအလုပ်သမားများအား တောင်ကြီးမှ တဆင့် နေရပ် အသီးသီးသို့ ပို့ဆောင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

လာအိုပြန် မြန်မာအလုပ်သမားများအား တောင်ကြီးမှ တဆင့် နေရပ် အသီးသီးသို့ ပို့ဆောင်


လာအိုနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသားအလုပ်သမား ၁၆၂ ဦးသည် တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ စက်တင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ရောက်ရှိလာခဲ့ပြီး ၎င်းတို့အား နေရပ်ဒေသ အသီးသီးသို့ ဆက်လက် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

.
လာအိုပြန် မြန်မာနိုင်ငံသားများတွင် အမျိုးသား ၁၁၆ ဦး၊ အမျိုးသမီး ၄၆ ဦး၊ စုစုပေါင်း ၁၆၂ ဦးတို့ ဖြစ်ပြီး ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့က ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက် ပြီးနောက် အစားအသောက်များဝေငကာ သက်ဆိုင်ရာ ဒေသအသီးသီးသို့ မော်တော်ယာဉ်ဖြင့် ပြန်လည် ပို့ဆောင်ပေးခဲ့သည်ဟု တောင်ကြီးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
.
အဆိုပါ နေရပ်ပြန်များအနက် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး အရေးပေါ် ကလေး မွေးဖွားရန် လိုအပ်သဖြင့် ကြက်ခြေနီအသင်းက လူနာတင်ယာဥ်ပေါ်တွင် အောင်မြင်စွာ မွေးဖွား ပေးခဲ့ကြောင်းလည်း သိရသည်။
.


ရွှေတြိဂံ အထူးစီးပွားရေးဇုံ၊ လာအိုနိုင်ငံတွင် အလုပ် သွားရောက် လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများသည် COVID-19 ကပ်ရောဂါကာအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ အခက်အခဲ ဖြစ်ပေါ်မှုကြောင့် နှစ်နိုင်ငံ တာဝန်ရှိသူများ၏ စီစဉ်ပေးမှုဖြင့် တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်းသို့ ပြန်ဝင်လာကြခြင်း ဖြစ်ကာ သတ်မှတ် Quarantine နေထိုင်‌ပြီး‌နောက် COVID-19 ပိုး ကင်းစင်သူများကို တာချီလိတ်၊ တောင်ကြီးမြို့များမှ တဆင့် နေရပ်ဒေသ အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးနေခြင်း ဖြစ်သည်။
.
#KBZTai  #Shan  #News26Sep2021

Journal Download

Photo of three cats