မောက်မယ်မြို့နယ်တွင် အင်အား အနည်းငယ်ရှိ ငလျင် လှုပ်ခတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မောက်မယ်မြို့နယ်တွင် အင်အား အနည်းငယ်ရှိ ငလျင် လှုပ်ခတ်


လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၂၃ ရက်၊ နံနက်အစောပိုင်းက အင်အား အနည်းငယ်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

.

မောက်မယ်မြို့၏ အနောက်-အနောက်တောင်ဘက် ၃ မိုင်ခန့် အကွာ၊ မြောက်လတ္တီတွဒ် ၂၀ ဒသမ ၂၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒသမ ၆၈ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခု နံနက် ၃ နာရီ၊ ၂၇ မိနစ်တွင် လှုပ်ရှားသွားကြောင်း  မိုးလေဝသနှင့် ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

ပြီးခဲ့သည့် ‌သြဂုတ်လ ၂၅ ရက်တွင်လည်း တောင်ကြီးမြို့နယ်အတွင်း၌ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၉ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်မှု ဖြစ်ပွားခဲ့သည်။

Journal Download

Photo of three cats