တောင်ကြီးမြို့နယ်၊ ဟဲကယ်တိုးဂိတ် အနီး၌ စက်တင်ဘာလ ၉ ရက်၊ ညပိုင်းက တန်ဖိုးငွေ ကျပ် ၄၇ သိန်းကျော်ရှိ စိတ်ကြွရူးသွပ်ဆေးများ ဖမ်းမိကြောင်း သိရသည်။
.
ပူးပေါင်း အဖွဲ့များက သတင်းအရ တောင်ကြီးမြို့နယ် ဟဲကယ် တိုးဂိတ်အနီး၌ ရပ်စောက်ဘက်မှ ရွှေညောင်ဘက်သို့ အောင်သိန်း မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေစဥ် ဆိုင်ကယ်တွင် သိုဝှက် သယ်ဆောင်လာသည့် စိတ်ကြွ ရူးသွပ်ဆေးပြား ၄၇၈၀ (ဒေသကာလ ပေါက်စျေး တန်ဖိုးငွေ ကျပ် ၄၇ ဒသမ ၈ သိန်း)ကို သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း CCDAC က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးများနှင့် အတူ ဖမ်းမိသည့် အောင်သိန်း အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ် အတွင်း၌ ဇူလိုင်လ ၃၁ ရက်၊ နံနက်ပိုင်းတွင် ငွေကျပ် ၁ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို လည်းကောင်း၊ သြဂုတ်လ ၁၀ ရက်၊ ညနေတွင် စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ (ဒေသကာလ ပေါက်ဈေး တန်ဖိုးငွေ ကျပ် သိန်း ၈၀) အား လည်းကောင်း၊ သြဂုတ်လ ၂၄ ရက်၊ ညနေတွင် ကျပ် သိန်း ၃ဝ ခန့် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀ အား လည်းကောင်း၊ သြဂုတ်လ ၂၉ ရက်၊ နံနက်တွင် ကျပ် သိန်း ၂၄၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၄ဝဝဝဝ နှင့် ဘိန်းဖြူများကို လည်းကောင်း အသီးသီး ဖမ်းမိခဲ့ကြောင်းလည်း သိရသည်။
.
#KBZTai #Shan #News12Sep2021