ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ မြို့မဈေးအား စက်တင်ဘာလ ၃၀ ရက်ထိ ဆက်လက်၍ ပိတ်ထားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနက ကြေညာထားသည်။
.
COVID-19 ကူးစက် ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရန်အတွက် ဟိုပုံးမြို့မဈေးကို ဇူလိုင်လ ၂၂ ရက်မှ စတင်၍ ပိတ်သိမ်းထားခြင်း ဖြစ်ပြီး ကျွဲနွားဈေး နေရာတွင် ယာယီဈေး ဖွင့်လှစ်၍ ဈေးသည်များအား ပျံကျအဖြစ် ရောင်းချခွင့် ပြုထားသည်။
.
ဟိုပုံးမြို့နယ်၌ COVID-19 တတိယလှိုင်းကာလ စက်တင်ဘာလ ၁၇ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၇၆၀ ဦး တွေ့ရှိထားပြီး ယင်းအနက် သေဆုံးသူ ၁၂ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၆၄၁ ဦး ရှိရာ ၁၀၇ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #News18Sep2021