ရပ်စောက်တွင် လူငယ်တစ်ဦး အဖမ်းခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်စောက်တွင် လူငယ်တစ်ဦး အဖမ်းခံရ

တောင်ကြီးခရိုင်၊ ရပ်စောက်မြို့၊ ဈေးတန်းရပ်ကွက်၌ ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်၊ ညပိုင်းက လူငယ်တစ်ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

.
ယင်း ဖမ်းဆီးခံရသူမှာ ရပ်စောက်မြို့၊ ဈေးတန်းရပ်ကွက်နေ အသက် ၂၈ အရွယ် ကိုစည်သူဟိန်း ဖြစ်ပြီး နေအိမ်တွင် အဖမ်းခံရခြင်း ဖြစ်သည်ဟု ၎င်း၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ဆက်သွယ် ပြောဆိုလာခြင်း ဖြစ်သည်။
.
" မနေ့ညက ဧည့်စာရင်း စစ်ချင်လို့ပါဆ်ိုပြီး ဖမ်းသွားတာပါ။ အင်အား ၂၅ ယောက်လောက်နဲ့ ၀င် ဖမ်းသွားတာ။ အရင်ကတည်းက ဖမ်း ၀ရမ်းထုတ်ထားခံရပါတယ်၊ ၅၀၅-က နဲ့ပါ။ မနေ့ညက ဖမ်းပြီး ဒီနေ့ တောင်လေးလုံး (ညောင်ရွှေထောင်) ပို့မယ်လို့ သိရတယ်။ ဖုန်းလည်း သိမ်းသွားပါတယ်။" ဟု ကိုစည်သူဟိန်း၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
.
အဆိုပါ အခြေအနေနှင့် ပတ်သက်၍ ရပ်စောက်မြို့မရဲစခန်းသို့ ဆက်သွယ်ရာတွင် ဆက်သွယ်၍ မရသဖြင့် မေးမြန်းခွင့် မရခဲ့ပေ။
.
ကိုစည်သူဟိန်းသည် ယခင်က ရပ်စောက်မြို့ပေါ်၌ ဆန္ဒထုတ်ဖော်ပွဲများတွင် ပါဝင် ဆောင်ရွက်ခဲ့ဖူးသော်လည်း ယခုနောက်ပိုင်းတွင် ဆောင်ရွက်ခြင်း မရှိတော့ကြောင်းလည်း သိရသည်။
.
တောင်ကြီးခရိုင် အတွင်းရှိ မြို့နယ်များတွင် ယခု ရက်ပိုင်းအတွင်း ဖမ်းဆီးခံရမှုများ ဆက်တိုက် ဖြစ်ပေါ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ကာယကံရှင် မိသားစုဝင်များအား ဆက်သွယ်၍ မရသဖြင့် အတည်ပြုနိုင်ခြင်း မရှိပေ။
.
#KBZTai  #Shan  #News15Sep2021

Journal Download

Photo of three cats