တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၌ ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်၊ ညနေပိုင်းတွင် အေးမေတ္တာ ပရဟိတလူမူကူညီရေးအသင်းက အေးသီရိဈေး မိသားစု၊ ရပ်ကွက်အလှူရှင်များနှင့် စုပေါင်း၍ အစားအသောက်များ ပေးဝေ လှူဒါန်းခဲ့ကြောင်း သိရသည်။
.
အေးသာယာမြို့၊ အမှတ်(၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ထမင်း၊ သီးစုံပဲဟင်းနှင့် ဘာလချောင်ကြော်တို့ကို အမှန်တကယ် စားသောက်ရေး ခက်ခဲနေသူ ပြည်သူ ၁၅၀၀ ခန့်အား ပေးဝေ လှူဒါန်းခဲ့ခြင်း ဖြစ်သည်ဟု အေးမေတ္တာ ပရဟိတ လူမူကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
အဆိုပါ အသင်းအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်ကလည်း လူ ၈၀၀ စာအတွက် အစားအသောက်များ ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။