ယာယီ ပိတ်သိမ်းထားသည့် လင်းခေးမြို့မဈေးအား လာမည့် ရက်သတ္တပတ်အတွင်း ပြန်လည် ဖွင့်လှစ်မည် ဖြစ်၍ ဈေးရောင်းလိုသူများ အနေဖြင့် ကျန်းမာရေး စစ်ဆေးမှု ခံယူရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။
.
လင်းခေးမြို့ရှိ မြို့မဈေးအား စက်တင်ဘာလ ၂၀ ရက်ထိ ယာယီပိတ်သိမ်း ထားရှိရာ ယင်းပိတ်ရက် စေ့ရက် ရောက်ချိန်တွင် ဈေးအား ပြန်ဖွင့်၍ ဈေး ရောင်းချခွင့် ပြုမည် ဖြစ်ကြောင်းနှင့် ဈေး ရောင်းလိုသူများ အနေဖြင့် ဈေးဆိုင်ခန်းများ ပြန်လည် ဖွင့်လှစ် ရောင်းချလိုပါက စက်တင်ဘာလ ၁၅ ရက်၊ နံနက်တွင် ဆေးရုံ၌ ကျန်းမာရေး စစ်ဆေးမှု ခံယူရမည်ဟု မြို့နယ် စည်ပင်သာယာရေးဌာနက ကြေညာထားခြင်း ဖြစ်သည်။
.
ထို့အတူ ကျန်းမာရေး စစ်ဆေးမှု မပြုရသေးသည့် ဈေးသည်များအား ဈေးဆိုင် ဖွင့်လှစ် ရောင်းချခွင့် ပြုမည် မဟုတ်ကြောင်း ယင်းကြေညာစာတွင် ဖော်ပြပါရှိသည်။
.
အဆိုပါ လင်းခေးမြို့ မြို့မဈေးအား ဇူလိုင်လ ၂၃ ရက်မှ စတင်၍ COVID-19 ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရန်အတွက် ပိတ်သိမ်းခဲ့ခြင်း ဖြစ်ပြီး ၂ လခန့် အကြာတွင် ပြန်လည် ဖွင့်လှစ်ရန် စီစဉ်နေခြင်း ဖြစ်သည်။
.
လင်းခေးမြို့နယ်တွင် ဇူလိုင်လ ၁၉ ရက်မှ စက်တင်ဘာလ ၁၄ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၂၃၉ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၂၁၉ ဦးမှာ ပြန်လည်သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #News15Sep2021