သီပေါမြို့နယ်တွင် ငွေကျပ် ၃၃ သိန်း တန်ဖိုးရှိ စားနပ်ရိက္ခာများကို ရှမ်းတိုင်းရင်းသားအဖွဲ့များ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သီပေါမြို့နယ်တွင် ငွေကျပ် ၃၃ သိန်း တန်ဖိုးရှိ စားနပ်ရိက္ခာများကို ရှမ်းတိုင်းရင်းသားအဖွဲ့များ လှူဒါန်း


သီပေါမြို့နယ် အတွင်းရှိ ပြည်သူများအား ငွေကျပ် ၃၃ သိန်း တန်ဖိုးရှိ စားနပ်ရိက္ခာများကို ရှမ်းတိုင်းရင်းသားအဖွဲ့များက စက်တင်ဘာလ ၁၃ ရက်တွင် သွားရောက် ကူညီ လှူဒါန်းခဲ့ကြောင်း သိရသည်။

.
ဆွန်လုံကျေးရွာအုပ်စု၊ တာပုလဲ၊ ပန်ခါးနှင့် မန်ဆန်းကျေးရွာအုပ်စု၊ စဥ့်အင်ဘူတာရှိစားနပ်ရိက္ခာ အခက်ခဲ ဖြစ်နေကြသည့် ပြည်သူ အိမ်ထောင်စု ၃၀၀ အတွက် ကျပ် ၃၃ သိန်း တန်ဖိုးရှိ စားသောက်ကုန်နှင့် ဆေးဝါးများကို သွားရောက် ကူညီလှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း Tai Students' Union က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အဆိုပါ လှူဒါန်းမှုအား Tai Students' Union မှ ၁၁ သိန်း၊ Shan Community American မှ ၁၀ သိန်း၊ Tai Youth Network-Japan မှ ၁၀ သိန်း၊ Tai Youth Yangon မှ ၁ သိန်းနှင့် Tai Youth Organization မှ ၁ သိန်း စုစုပေါင်း ၃၃ သိန်းကို ထည့်ဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
Tai Students' Union သည် အဖွဲ့ဝင်များ၏ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုများကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကိုဩဂုတ်လ ၅ ရက်က ခေတ္တရပ်နားပြီးနောက်  ဒေသတွင်း ပြည်သူများ စားဝတ်နေရေး ခက်ခဲလာမှုကြောင့်ပြန်လည် လုပ်ဆောင်မည်ဟု စက်တင်ဘာလ ၆ ရက်တွင် ကြေညာခဲ့သည်။


ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင် ပြည်သူများကို လှူဒါန်းလိုသူများ အနေဖြင့် Tai Students' Union ၏ Facebook စာမျက်နှာမှ တဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

Journal Download

Photo of three cats