လာအိုနိုင်ငံတွင် အလုပ် သွားရောက် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများသည် ပြည်တွင်းသို့ ပြန်လာနေလျက်ရှိရာ ရက်ပေါင်း ၄၀ အတွင်း ပြန်လာသူ စုစုပေါင်း ၂၈၈၀ ဦးထိ ရှိကြောင်း သိရသည်။
.
ရွှေတြိဂံ အထူးစီးပွားရေးဇုံတွင် အလုပ်သွားရောက် လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများသည် COVID-19 ကပ်ရောဂါကာအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ အခက်အခဲ ဖြစ်ပေါ်မှုကြောင့် နေရပ်သို့ မိမိဆန္ဒအလျှောက် ပြန်ဝင်လာကြခြင်း ဖြစ်ကာ ၎င်းတို့အား မြန်မာ-လာအို နှစ်နိုင်ငံ တာဝန်ရှိသူများက နေရပ်ပြန်နိုင်ရေးကို စီစဉ်ပေးခြင်း ဖြစ်သည်။
.
၎င်းတို့သည် တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်းသို့ ဇူလိုင်လ ၃၀ ရက်မှ စက်တင်ဘာလ ၁၁ ရက်အထိ ၁၀ ကြိမ်ခွဲကာ ပြန်လည် ရောက်ရှိပြီးနောက် သတ်မှတ် Quarantine နေထိုင်စေကာ COVID-19 ပိုး ကင်းစင်သူများကို တာချီလိတ်၊ တောင်ကြီးမြို့များမှ တဆင့် နေရပ်ဒေသ အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးနေကြောင်း သိရသည်။
.
အဆိုပါ နေရပ်ပြန်လာသူများ အနက် ၂၅၀ ဦးတွင် COVID-19 ရောဂါပိုး တွေ့ခဲ့သဖြင့် တာချီလိတ်မြို့နယ်ရှိ Positive Centre ၌ ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ကြောင်းလည်း သိရသည်။