မိုင်းပျဉ်းမြို့နယ်၊ ထနောင်း(၇)မိုင်ကျေးရွာ အနီးတွင် စက်တင်ဘာလ ၇ ရက်၊ ညနေ ၆ နာရီခန့်က ငွေကျပ် သိန်း ၃၉၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများ ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်းအဖွဲ့သည် သတင်းအရ မိုင်းပျဉ်းမြို့နယ်၊ ထနောင်း(၇)မိုင်ကျေးရွာ အနီးတွင် မိုင်းပျဉ်းဘက်မှ ထနောင်း(၇)မိုင် ကျေးရွာဘက်သို့ ကျချေ နှင့် အဲစော တို့ မောင်းနှင်လာသော မော်တော်ဆိုင်ကယ် ၂ စီးအား စစ်ဆေး ရှာဖွေရာ ဆိုင်ကယ်ပေါ်၌ သယ်ဆောင်လာသည့် ဆာလာအိတ် ၂ အိတ်အတွင်းမှ ဒေသ ကာလတန်ဖိုးငွေ ကျပ်သိန်း ၃၉၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၈၀၀၀ ပြားကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာကြသည့် ကျချေ နှင့် အဲစော တို့ကို ဖမ်းဆီး အရေးယူထားပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR က ထုတ်ပြန်ထားသည်။
.
#KBZTai #Shan #Mongping #10Sep2021