ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ဩဂုတ်လ ၃၁ ရက်၊ ညနေပိုင်းက ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်လာသည့် မော်တော်ယာဉ် ၂ စီးအား ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်း အဖွဲ့သည် လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော် သံတံတားအနီး ကွမ်းလုံ-လောက်ကိုင် သွား ကားလမ်းပေါ်၌ မသင်္ကာဖွယ် ယာဉ် ၂ စီးအား ရပ်တန့်စစ်ဆေးစဉ် ယာဉ်ပေါ်တွင် သိုဝှက် သယ်ဆောင်လာသည့် ဖောက်ခွဲရေးပစ္စည်းများကို ဖမ်းမိခြင်း ဖြစ်ကြောင်း လောက်ကိုင်ရဲတပ်ဖွဲ့က ယနေ့ စက်တင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ဖမ်းဆီးရမိသော ဖောက်ခွဲရေး ပစ္စည်းများမှာ TNT ယမ်းတုံး ၅၀၂တုံး၊ Remote ခလုတ် ၆ ခု၊Receiver ၂၀ ခု ၊ရှေ့ထွက်မိုင်း ၄ လုံး၊ လျှပ်စစ်ဒီတိုနေတာ ၃၀၀ ခု၊ ၉ ဗို့ ဓါတ်ခဲ ၂လုံး တို့ဖြစ်ပြီး ယာဉ်မောင်းနှင် သယ်ဆောင်လာသူ လောက်ဖျင်နှင့် မာတူးတို့ ၂ ဦးအား တရားဥပဒေနဲ့အညီ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
#KBZTai #Shan #Laukkaing #1Sep2021