ကျောက်မဲခရိုင်၊ နမ္မတူမြို့ရှိ မြို့မဈေးနှင့် ယာယီပျံကျဈေးအား ယနေ့ စက်တင်ဘာလ ၂၃ ရက်မှ စတင်၍ အချိန် ကန့်သတ်ချက်ဖြင့် ပြန်လည် ဖွင့်လှစ်ခွင့် ပြုပြီ ဖြစ်ကြောင်း သိရသည်။
.
ပန်ဟိုက်ရပ်ကွက် (၆)ရှိ ယာယီပျံကျဈေးအား နံနက် ၄ နာရီမှ နံနက် ၈ နာရီအချိန်ထိလည်းကောင်း၊ မြို့မဈေးအား နံနက် ၅ နာရီခွဲမှ နေ့လယ် ၁၂ နာရီထိ လည်းကောင်း အချိန်ကန့်သတ်၍ ဖွင့်လှစ် ရောင်းချခွင့်ပြုခြင်း ဖြစ်သည်။
.
ဈေးရောင်း/ဝယ်များ အနေဖြင့် COVID-19 ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များကို လိုက်နာရမည် ဖြစ်သည့်အပြင် ဈေးဆိုင်ခန်းဧရိယာမှ ကျူးကျော် ရောင်းချခြင်း မပြုလုပ်ရန် တားမြစ်ထားကာ ယင်း တားမြစ်ကန့်ကတ်ချက်များအား ဖောက်ဖျက်ပါက ရှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတို့ဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
.
နမ္မတူမြို့ မြို့မဈေးအား ဇူလိုင်လ ၁၁ ရက်တွင် လည်းကောင်း၊ ယာယီပျံကျဈေးအား ဇူလိုင်လ ၁၇ ရက်တွင် လည်းကောင်း စတင် ပိတ်သိမ်းခဲ့ပြီးနောက် ၂ လကျော်အကြာတွင် ပြန်လည် ဖွင့်လှစ်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။
.
နမ္မတူမြို့နယ်တွင် ဇွန်လ ၁၆ ရက်မှ စက်တင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းထိ COVID-19 ပိုး ရှိသူ ၅၆၆ဦး ရှိ တွေ့ရှိခဲ့ပြီး၊ ယင်းအနက် ပိုး ကင်းစင်သူ ၄၂၀ ဦး၊ သေဆုံးသူ ၁၆ ဦး ရှိခဲ့ကြောင်း သိရသည်။
.
◾စောဦး (ရတနာမြေ)
.
#KBZTai #Shan #News23Sep2021