သီပေါမြို့၌ COVID-19 ကာလအတွင်း ပြည်သူမှ ပြည်သူသို့ လူဦးရေ ၅၂၀ စာအတွက် အခြေခံ စားသောက်ကုန်များ ပါဝင်သည့် တစ်ထုပ်လျှင် ၂၀၀ ကျပ်နှုန်းဖြင့် မျှဝေ လှူဒါန်းရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ငွေကျပ် ၂၀၀ ဖြင့် ရောင်းချပေးမည့် စားသောက်ကုန်များမှာ ဆန်၊ ငါးသေတ္တာ၊ ကြက်ဥ၊ လက်ဖက်နှင့် အကြော်ဇံ၊ ကြာဇံနှင့် ခရမ်းချဉ်သီး တို့ ဖြစ်ပြီး တစ်ဦးလျှင် တစ်ထုပ်နှုန်းဖြင့် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
.
သီပေါမြို့၊ အနောက်ရပ်ကွက်၊ အောင်သပြေလမ်းထောင့်ရှိ MR.PERFECT Fashion Shop တွင် ပြည်သူမှ ပြည်သူသို့ အစီအစဉ်အဖြစ် စက်တင်ဘာလ ၁ ရက်၊ ညနေ ၄ နာရီတွင် မျှဝေလှူဒါန်း ရောင်းချပေးမှုကို ပြုလုပ်သွားမည် ဖြစ်ပြီး လာရောက် ဝယ်ယူသူများအနေဖြင့် COVID-19 စည်းကမ်းနှင့်အညီ လာရောက်ရန် လိုအပ်ပြီး အပြင်ထွက်ခွင့်ကတ်များ ယူဆောင်လာရန် အလှူရှင်များက မေတ္တာရပ်ခံထားသည်။
.
ယခု မျှဝေ လှူဒါန်း ရောင်းချမည့် အစီအစဉ်မှာ ဒုတိယအကြိမ် ဖြစ်ပြီး ယခင် ဩဂုတ်လ ၁ ရက်က ပထမအကြိမ် အဖြစ် မျှဝေ လှူဒါန်း ရောင်းချမှု ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #Hsipaw #1Sep2021