“ဝ”အမျိုးသားပါတီ(WNP) ဒုဥက္ကဌ ဦးညီပလုပ်အား ယာယီ ဥက္ကဌအဖြစ် တာဝန်ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

“ဝ”အမျိုးသားပါတီ(WNP) ဒုဥက္ကဌ ဦးညီပလုပ်အား ယာယီ ဥက္ကဌအဖြစ် တာဝန်ပေး

လစ်လပ်နေသည့် “ဝ”အမျိုးသားပါတီ(WNP) ဥက္ကဌနေရာအတွက် ဒုဥက္ကဌ (၁) ဦးညီပလုပ် အား ပါတီ၏ ယာယီဥက္ကဌအဖြစ် တာဝန်ပေးကြောင်း ပါတီက ဩဂုတ်လ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။


ပါတီဥက္ကဌ ဖြစ်သူ ဦးဆိုင်းပေါင်းနပ်သည် ဩဂုတ်လ ၁၁ ရက်တွင် ရာထူးမှ နှုတ်ထွက်သွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လစ်လပ်နေသည့် ပါတီဥက္ကဌ နေရာကို ဒုဥက္ကဌ (၁) ဦးညီပလုပ်အား ယာယီဥက္ကဌအဖြစ် ထားရှိရန် ပါတီဗဟိုကော်မတီဝင်များက ဩဂုတ်လ ၂၀ ရက်က ပြုလုပ်သော အရေးပေါ်အစည်းအဝေးတွင် အများသဘောတူ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်‌ကြောင်း သိရသည်။
.
ပါတီတွင်း ပြုပြင် ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်သွားရန်နှင့်  အရေးပေါ် ပါတီညီလာခံအား အမြန်ဆုံးခေါ်ယူ ကျင်းပနိုင်ရေးတို့ကိုပါ ဆွေးနွေးခဲ့သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
.
ဦးညီပလုပ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ ဟိုပန်မြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ဆန္ဒမဲ အများဆုံး ရရှိခဲ့သူ ဖြစ်သည့်အပြင် "ဝ" တိုင်းရင်းသားစာပေဆိုင်ရာလုပ်ငန်း အကြံပေးပုဂ္ဂိုလ်နှင့် "ဝ" သမိုင်းပြုစုရေးကော်မတီ ဝင်တစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။
.
“ဝ”အမျိုးသားပါတီ (WNP)ကို “ဝ”အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၊ “ဝ”ဒီမိုကရက်တစ်ပါတီ နှင့် “ဝ”လစ်ဘရယ် ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီတို့ ပူးပေါင်း တည်ထောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်တွင် ပါတီမှတ်ပုံတင် ခွင့်ပြုချက် ရရှိခဲ့သည့် ပါတီ ဖြစ်သည်။
.
#KBZTai  #Shan #WNP  #News

Journal Download

Photo of three cats