ဝ တပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ ဖြစ်သော ပန်ခမ်း(ပန်ဆန်း)မြို့တွင် ဩဂုတ်လ ၂၁ ရက်၊ ညပိုင်းမှ စတင်၍ ပုံမှန် သွားလာနိုင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။
.
ပန်ခမ်းမြို့ ဒုတိယအကြိမ် တစ်မြို့လုံး အာခေါင်တို့ဖတ်စစ်ဆေးမှု လုပ်ငန်းမှာ သြဂုတ်လ ၂၁ ရက်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး စုစုပေါင်း စစ်ဆေးသူ ၅၂၉၂၂ ဦး၏ စစ်ဆေးမှုရလဒ် အားလုံးမှာ Negative ထွက်ရှိ၍ ပန်ခမ်းမြို့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန၏ ခွင့်ပြုချက်အရ ပုံမှန်သွားလာနိုင်ပြီ ဖြစ်သည်ဟု WSTV က ကြေညာခဲ့ခြင်း ဖြစ်သည်။
.
ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်မှ စတင်၍ ပန်ခမ်းမြို့အား Lockdown ပြုလုပ်ကာ နေထိုင်သူ အားလုံးကို အာခေါင်တို့ဖတ် အခမဲ့ စစ်ဆေးရာ အားလုံးတွင် COVID-19 ပိုး မတွေ့သဖြင့် ယင်းကဲ့သို့ ကြေညာခြင်း ဖြစ်ကြောင်း သိရသည်။
.
ပန်ခန်း(ပန်ဆန်း) မြို့သည် ဝ တပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ ဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၅၆(စ) တွင် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်း ပါရှိကြောင်း ဖော်ပြထားကာ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ၊ ၂၀၂၀ ရွေးကောက်ပွဲများ ပြုလုပ်နိုင်ခြင်း မရှိသော မြို့ ဖြစ်သည်။
.
#KBZTai #Shan #UWSA #COVID19
.
[ Photo - WSTV ]