UWSA နယ်မြေ ပန်ခမ်းတွင် လူဦးရေ ၂၇၀၀၀ ကျော်ကို COVID စစ်ဆေးရာ ပိုးတွေ့သူ မရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

UWSA နယ်မြေ ပန်ခမ်းတွင် လူဦးရေ ၂၇၀၀၀ ကျော်ကို COVID စစ်ဆေးရာ ပိုးတွေ့သူ မရှိ



UWSA ၏ နယ်မြေ ပန်ခမ်းတွင် ဒုတိယအကြိမ်အဖြစ် မြို့လုံးကျွတ် အာခေါင်တို့ဖတ်စစ်ဆေးခြင်းကို COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက လုပ်ဆောင်နေရာ ဩဂုတ်လ ၁၈ ရက်နှင့် ၁၉ ရက် နှစ်ရက်တာအတွင်း လူဦးရေ ၂၇၉၉၆ ဦးအား စစ်ဆေးရာ ပိုးတွေ့သူ မရှိကြောင်း သိရသည်။
.


ပန်ခမ်းမြို့ကို ဩဂုတ်လ ၁၈ ရက်မှ စတင်၍ Lockdown ချကာ နေထိုင်သူ အားလုံးအား အာခေါင်တို့ဖတ် စစ်ဆေးခြင်းကို အခမဲ့လုပ်ဆောင်ပေးနေခြင်း ဖြစ်ပြီး ဩဂုတ်လ ၂၂ ရက်အထိ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
UWSA ထိန်းချုပ်နယ်မြေ အတွင်းရှိ ဒေသအားလုံးတွင် COVID-19 ကာကွယ်ရေးအတွက် ပြင်ပမှ အဝင်အထွက် ကန့်သတ်ထားကာ ဒေသတွင်း နေထိုင်သူ အားလုံးကို အာခေါင်တို့ဖတ်စစ်ဆေးခြင်းအား အခမဲ့ ပြုလုပ်ပေးနေကြောင်း သိရသည်။
.
#KBZTai  #Shan  #UWSA  #COVID19
.
[ Photo - WSTV ]

Journal Download

Photo of three cats