ကျောက်မဲမြို့နယ်မှ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်နေရသူများအား UNHCR က COVID-19 ကာကွယ်ရေး ပစ္စည်းများနှင့် အခြားသော အဓိက ကယ်ဆယ်ရေး ပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။ |
ကျောက်မဲမြို့နယ်ရှိ နေရပ်စွန့်ခွာ စခန်း ၄ ခုမှ မိသားစုပေါင်း ၁၆၉ စုအတွက် လက်သန့်ဆေးရည်များ၊ မျက်နှာနှင့် နှာခေါင်းစည်းများ၊ လက်အိပ်များ၊ ခြင်ထောင်များ၊ ဖျာများကဲ့သို့သော ပစ္စည်းများအပြင် ကလိုရင်း ပိုးသတ်ဆေး ဖြန်းခြင်းကဲ့သို့သော ကူညီပံ့ပိုးမှုအား မိတ်ဆွေမြန်မာအဖွဲ့နှင့်အတူ ပူးပေါင်း ထောက်ပံ့ ကူညီပေးခဲ့ခြင်း ဖြစ်ကြောင်း UNHCR က ယမန်နေ့ ဩဂုတ်လ ၅ ရက်တွင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
UNHCR အနေဖြင့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်နေရသူများအား ကူညီပံ့ပိုးရန် မိတ်ဖက်အဖွဲ့များနှင့်အတူ လက်တွဲ ဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည််။