တောင်ကြီးတွင် Stay at Home စည်းကမ်း မလိုက်နာသူ ၁၉ ဦးကို အမှုဖွင့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် Stay at Home စည်းကမ်း မလိုက်နာသူ ၁၉ ဦးကို အမှုဖွင့်

တောင်ကြီးမြို့နယ်၌ Stay at Home သတ်မှတ်ကာလအတွင်း သတ်မှတ်စည်းကမ်း လိုက်နာမှု မရှိသူ ၁၉ ဦးကို ယမန်နေ့ ဩဂုတ်လ ၇ ရက်တွင် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

.

ပူးပေါင်း စစ်‌ဆေးရေးအဖွဲ့သည် အခြားမြို့နယ်များမှ ပြည်သူများ နယ်မြေကျော် ဖြတ်သန်းခြင်း၊ မြို့နယ်အတွင်းရှိ ပြည်သူများ ဈေးဝယ်ထွက်ခြင်းနှင့် ဆေးရုံ ဆေးခန်းပြသခြင်း တို့အတွက် နေအိမ်ပြင်ပ ထွက်ခွာသွားရောက်ပါက နယ်မြေဖြတ်သန်းခွင့် ကတ်ပြားများ၊ ဝန်ထမ်းများက ဝန်ထမ်းကတ်ပြားများ တစ်ပါတည်းယူဆောင်၍ Stay at Home ကာလ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ သွားလာမှု ရှိ/မရှိကို တောင်ကြီး မြို့အတွင်း ဈေးများ၊ လမ်းဆုံများ၊ မော်တော်ယာဉ်ဂိတ်များ၊ စားသောက်ဆိုင်များတွင် စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး စည်းကမ်း လိုက်နာမှုမရှိသူ ၁၉ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

.


တောင်ကြီးမြို့နယ်တွင် ဩဂုတ်လ ၆ ရက်ကလည်း ၁၆ ဦးကို အမှုဖွင့် အရေးယူခဲ့သဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့် အရေးယူခံရသူ စုစုပေါင်း ၃၅ ဦး ရှိပြီ ဖြစ်ကာ ယင်းကဲ့သို့ အမှုဖွင့် အရေးယူမှုနှင့် ပတ်သက်၍ ပြည်သူအချို့၏ ပြစ်တင် ဝေဖန်မှုများလည်း ရှိနေကြောင်း သိရသည်။

COVID-19 ရောဂါ ကူးစက် ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရေးအတွက် တောင်ကြီးမြို့နယ်ကို ဇူလိုင်လ ၂၆ ရက်မှ စတင်၍ Stay at Home နေထိုင်ရန် သတ်မှတ်ထားသည်။

Journal Download

Photo of three cats