ညောင်ရွှေမြို့နယ်တွင် Stay at Home စည်းကမ်း မလိုက်နာသူ ၂၈ ဦးကို အရေးယူထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ညောင်ရွှေမြို့နယ်တွင် Stay at Home စည်းကမ်း မလိုက်နာသူ ၂၈ ဦးကို အရေးယူထား


ညောင်ရွှေမြို့နယ်၌ Stay at Home ကာလအတွင်း ထုတ်ပြန်ထားသည့် စည်းကမ်း လိုက်နာမှု မရှိသူ ၂၈ ဦးကို အရေးယူထားကြောင်း သိရသည်။
.
COVID-19 ရောဂါ ကူးစက်မှုနှုန်း မြင့်မားနေသည့်အတွက် ညောင်ရွှေမြို့နယ်ကို ဇူလိုင်လ ၂၅ ရက်မှ စတင်၍ Stay at Home ထုတ်ပြန် ကြေညာခဲ့ပြီးနောက် သတ်မှတ်စည်းကမ်း လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့က ဆောင်ရွက်လျက် ရှိရာ ဩဂုတ်လ ၂၁ ရက်ထိ စည်းကမ်း လိုက်နာမှု မရှိသူ ၂၈ ဦးအား အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ညောင်ရွှေမြို့နယ်တွင် ဇွန်လ ၂၃ ရက်မှ ဩဂုတ်လ ၂၁ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၁၅၉၂ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် သေဆုံးသူ ၇၂ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၁၂၃၃ ဦး ရှိပြီ ဖြစ်ရာ ၂၈၇ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်သည်။
.
#KBZTai  #Shan  #Nyaunshwe  #COVID19

Journal Download

Photo of three cats