ကျိုင်းတုံမြို့နယ်ကို Stay at Home သတ်မှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံမြို့နယ်ကို Stay at Home သတ်မှတ်

COVID-19 ပိုး ရှိသူ ၈၀၀ ကျော် တွေ့ရှိခဲ့သည့် ကျိုင်းတုံမြို့နယ်ကို ဩဂုတ်လ ၂၀ ရက်၊ နံနက်မှ စတင်၍ Stay at Home အမိန့် ထုတ်ပြန် သတ်မှတ်ကြောင်း သိရသည်။

.


COVID-19 ကူးစက်ပျံ့နှံ့မှု များပြားလာသည့် ရှမ်းပြည်နယ်တွင် လားရှိုး၊ လောက်ကိုင်၊ နောင်ချို၊ သီပေါ၊ တာချီလိတ်၊ မူဆယ်၊ တောင်ကြီး၊ ညောင်ရွှေ၊ ရပ်စောက်မြို့နယ်နှင့် အောင်ပန်းမြို့ (ကလောမြိုနယ်) တို့ကို Stay at Home အမိန့် ထုတ်ပြန်ထားပြီး ဖြစ်ကာ ယခုတွင် ကျိုင်းတုံမြို့နယ်ကိုပါ ထပ်မံ ထုတ်ပြန်လာခြင်း ဖြစ်သည်။
.
ကျိုင်းတုံမြို့နယ်တွင် COVID-19 တတိယလှိုင်းကာလ ဇွန်လ ၂၉ ရက်မှ ယနေ့ ဩဂုတ်လ ၁၉ ရက်အထိ အတည်ပြုလူနာ စုစုပေါင်း ၈၀၂ ဦးတွေ့ရှိခဲ့ပြီး ယင်းအနက် ဆေးရုံဆင်းခွင့် ရသူ ၃၉၂ ဦး၊ သေဆုံးသူ ၁၀) ဦးရှိကာ ဆေး ကုသမှုခံယူဆဲ ၄၀၀ ဦး ရှိ‌ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံးတွင် ဩဂုတ်လ ၁၉ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသော်လည်း မည်သည့် အကြောင်းအရာများ ဆွေးနွေး ဆုံးဖြတ်ခဲ့သည်ကိုမူ မသိရပေ။
.
#KBZTai #Shan  #Kungtong  #COVID19

Journal Download

Photo of three cats