.
တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်တွင်
ယနေ့ ဩဂုတ်လ ၇ ရက်က Stay at Home ညွှန်ကြားချက်များအား မလိုက်နာသူ ၁၈ ဦးတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး
ဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။
.
COVID-19 ရောဂါ
ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်မားလာသည့်အတွက် ညောင်ရွှေမြို့နယ်အား Stay at
Home အစီအစဉ် တွင် အကျုံးဝင်ကြောင်း အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ပြီး
ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အား အပြည့်အဝ လိုက်နာခြင်းရှိ/မရှိကို
ယနေ့ ဩဂုတ်လ ၇ ရက်၊ နံနက်ပိုင်းက ရှောင်တခင် စစ်ဆေးပြီး မလိုက်နာသူများအား အရေးယူခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ရှောင်တခင်စစ်ဆေးမှုကို
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ, ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊
ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် နေအိမ်ပြင်ပ ထွက်ခွာသွားလာ
နေသူများအား စိစစ်၍ ပြင်ပထွက်ခွာခွင့်ကတ် မပါရှိသူများနှင့် လုံလောက်သည့် အကြောင်းပြချက်မရှိဘဲ
သွားလာနေသူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၃၀ (က) အရ ညောင်ရွှေမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယဓဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
တောင်ကြီးခရိုင်အတွင်းရှိ
တောင်ကြီး၊ ညောင်ရွှေနှင့် ရပ်စောက်မြို့နယ်နှင့် ကလောမြို့နယ်၊ အောင်ပန်းမြို့တို့ကို
Stay at Home အစီအစဉ်တွင်
အကျုံးဝင်ကြောင်း ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။
.