တောင်ကြီးမြို့နယ်၌ Stay at Home သတ်မှတ်ပြီး‌နောက် တစ်လအတွင်း COVID-19 ပိုးရှိသူ ၂၃၆၁ ဦး ထပ်မံတွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်၌ Stay at Home သတ်မှတ်ပြီး‌နောက် တစ်လအတွင်း COVID-19 ပိုးရှိသူ ၂၃၆၁ ဦး ထပ်မံတွေ့ရှိ

တောင်ကြီးမြို့နယ်၌ Stay at Home သတ်မှတ်ပြီး‌နောက် တစ်လအတွင်း COVID-19 ပိုးရှိသူ ၂၃၆၁ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

.
COVID-19 ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရန်အတွက် ဇူလိုင်လ ၂၆ ရက်၊ နံနက် ၄ နာရီမှ စတင်၍ တောင်ကြီးမြို့နယ်ကို Stay at Home သတ်မှတ်ထားရာ ဩဂုတ်လ ၂၆ ရက်၊ ညပိုင်းထိ တစ်လအတွင်း COVID-19 ပိုးရှိသူ ၂၃၆၁ ဦး ထပ်မံ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
.
ထို့အတူ Stay at Home ကာလ တစ်လအတွင်း သေဆုံးသူမှာလည်း ၁၅၁ ဦးထိ ရှိခဲ့ပြီး ဆေးရုံဆင်းခွင့် ရသူမှာ ၁၉၆၀ ဦး ရှိကြောင်းလည်း သိရသည်။
.
အဆိုပါ စာရင်းမှာ တရားဝင် ဖွင့်လှစ်ထားသည့် စင်တာ၊ ဆေးရုံများမှ စာရင်းသာ ဖြစ်ပြီး ကိုယ်ပိုင်အစီအစဉ်ဖြင့် နေအိမ်တွင် နေထိုင်၍ ဆေးကုသသူ၊ သေဆုံးသူများ၏ စာရင်းများ မပါဝင်သည့်အတွက် အမှန်တကယ် ပိုးတွေ့/သေဆုံးမှုမှာ ယခုထက် ပိုများနိုင်ကြောင်း သိရသည်။
.
Stay at Home သတ်မှတ်ခဲ့သော်လည်း COVID-19 ကူးစက် ပျံ့နှံ့မှုမှာ လျော့နည်းလာခြင်း မရှိမှု အပေါ် ဝေဖန်မှုများလည်း ရှိနေသည်။
.
" စီမံတဲ့ သူတွေကလည်း တစ်ယောက် တစ်မျိုး၊ တစ်ဖွဲ့ တစ်မျိုးနဲ့ ဖြစ်နေတာ။ ပြည်သူတွေဘက်ကလည်း စည်းကမ်း လိုက်နာမှု အားနည်းတာလည်း ပါတာပေါ့။ ဒီပုံစံမျိုးဆို ခုထက် ပိုပြီး ဖြစ်နေဦးမှာ။ သေဆုံးနှုန်းက နည်း‌သေးလို့ ပေါ့ဆနေပေမယ့် ပိုး ကူးခံရပြီးရင် မသေရင်တောင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိသေးတာကို သတိပြုဖို့ လိုပါတယ်၊ ကြောက်သင့်တာကို ကြောက်ကြပါလို့ ပြောချင်ပါတယ်။ " ဟု စေတနာ့ဝန်ထမ်း တစ်ဦးက ပြောသည်။


တောင်ကြီးမြို့နယ်ကို Stay at Home သတ်မှတ်ထားမှုကြောင့် အခြေခံပြည်သူများ၏ စား‌သောက်ရေး ကြပ်တည်းမှုများလည်း ရှိလာနေသည်။
.
တောင်ကြီးမြို့နယ်တွင် တတိယလှိုင်းကာလ ဇွန်လ ၁ ရက်မှ ဩဂုတ်လ ၂၆ ရက်ထိ COVID-19 ပိုးရှိသူ စုစုပေါင်း ၃၇၉၀ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် သေဆုံးသူ ၂၁၁ ဦး၊ ဆေးရုံ‌ဆင်းခွင့်ရသူ ၂၄၅၇ ဦး ရှိသည်။
.
#KBZTai  #Shan #Taunggyi  #COVID19

Journal Download

Photo of three cats