.
တောင်ကြီးမြို့နယ်အတွင်း
Say at Home အမိန့် ကြေညာပြီးနောက်
ဇူလိုင်လ ၂၆ ရက်မှ ယမန်နေ့ ဩဂုတ်လ ၈ ရက်အထိ ရက်သတ္တ ၂ ပတ်အတွင်း COVID-19 ရောဂါ အတည်ပြုလူနာ ၉၉၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာများ အနက် ထပ်မံသေဆုံးသူ
၈၇ ဦး ရှိခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နေ့စဉ် ထုတ်ပြန်ချက်များအရ
သိရသည်။
.
.
COVID-19 ရောဂါ
တတိယလှိုင်း ကူးစက်ပြန်ပပွားမှု စတင်ခဲ့သည့် ဇွန်လ ၁ ရက်မှ ဩဂုတ်လ ၈ ရက်အထိ တောင်ကြီး
မြို့နယ်တွင် COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၂၃၃၉ ဦး
တွေ့ရှိခဲ့ပြီး ယင်းတို့အနက် ၁၄၃ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
.
နေ့အလိုက် ရောဂါပိုး
တွေ့ရှိမှုအနေဖြင့် ဩဂုတ်လ ၄ ရက်တွင် ၁၇၃ ဦးဖြင့် အများဆုံး တွေ့ရှိခဲ့ပြီး သေဆုံးသူ
အများဆုံး နေ့မှာ ဇူလိုင်လ ၃၀ ရက်ဖြစ်ကာ ယင်းနေ့တွင် တစ်ရက်တည်း လူနာ ၁၂ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
.
.
တောင်ကြီးမြို့နယ်အတွင်း
ယမန်နေ့ ဩဂုတ်လ ၈ ရက်အထိ ဆေးကုသမှုခံယူဆဲလူနာ ၉၃၆ ဦး ရှိကြောင်း သိရသည်။
.