လင်းခေး၌ Semi Lockdown ပြုလုပ်ထားသည့် အိမ်ထောင်စုများကို စားနပ်ရိက္ခာများထောက်ပံ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လင်းခေး၌ Semi Lockdown ပြုလုပ်ထားသည့် အိမ်ထောင်စုများကို စားနပ်ရိက္ခာများထောက်ပံ့


Semi Lockdown ပြုလုပ်ထားသော လင်းခေးမြို့ပေါ် ရပ်ကွက် ၂ ခုရှိ အိမ်ထောင်စုများကို မြို့နယ် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ယမန်နေ့ဩဂုတ်လ ၁၉ ရက်၊ ညနေပိုင်းတွင် အခြေခံစားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
.
လင်းခေးမြို့၊ တောင်ရွာရပ်နှင့် ဝမ်လွိုင်ရပ်တို့ရှိ လူဦးရေ ၂၅၄ ဦး နေထိုင်သည့် အိမ်ထောင်စု ၇၆ စုအတွက် ငွေကျပ် ၇ သိန်းကျော် တန်ဖိုးရှိ ဆန်နှင့် ဆီများကို တစ်အိမ်ထောင်လျှင် ဆန် ၄ ပြည်၊ ဆီ တစ်ပိဿာနှုန်းဖြင့် ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ရပ်ကွက် ၂ ခုမှ ပြည်သူများကို COVID-19 ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ဩဂုတ်လ ၁၃ ရက်မှ ၂၆ ရက်ထိ မြို့နယ် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက Semi Lockdown သတ်မှတ် ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

◾အယ်လ်စိုင်း(လင်းခေး)
.
#KBZTai #Shan  #Langkho

Journal Download

Photo of three cats