လင်းခေးမြို့ပေါ် ရပ်ကွက်၂ ခုအား COVID-19 ကူးစက်ပျံ့နှံ့မှု ကာကွယ် ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ နေအိမ်ပြင်ပ ထွက်ခွာသွားလာခြင်း မပြုရန်အတွက် ယာယီ Semi Lockdown ချထားကြောင်း သိရသည်။
.
COVID-19 ပိုးတွေ့လူနာ အများဆုံး တွေ့ရှိခဲ့သော တောင်ရွာရပ်နှင့် ဝမ်လွိုင်ရပ်တို့ကို ဩဂုတ်လ ၁၃ ရက်က စတင်၍ Semi Lockdown ချထားခြင်း ဖြစ်ပြီး ယင်းအစီအစဉ်ကို ဩဂုတ်လ ၂၆ ရက်ထိ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
.
တောင်ရွာရပ်နှင့် ဝမ်လွိုင်ရပ်တို့တွင်အိမ်ထောင်စုပေါင်း ၇၆ စု၊ လူဦးရေ စုစုပေါင်း ၂၇၀ ဦးခန့် နေထိုင်လျက် ရှိကြောင်း သိရသည်။
.
လင်းခေးမြို့နယ်တွင် ဇူလိုင်လ ၁၉ ရက်မှ ဩဂုတ်လ ၁၅ ရက်အထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာပေါင်း ၁၆၁ ဦး တွေ့ရှိထားပြီး ယင်းအနက် ၁၃၁ ဦးမှာ ဆေးရုံမှ ဆင်းခွင့် ရပြီ ဖြစ်ကာ ဆေးကုသမှု ခံယူနေဆဲရှိသူ ၃၀ ဦး ရှိကြောင်း သိရသာ်။
.
◾အယ်လ်စိုင်း(လင်းခေး)
.
#KBZTai #Shan #Langkho

Home
COVID-19
ရှမ်းတောင်သတင်းများ
လင်းခေး
လင်းခေးမြို့ပေါ် ရပ်ကွက် ၂ ခုအား ယာယီ Semi Lockdown ချထား
လင်းခေးမြို့ပေါ် ရပ်ကွက် ၂ ခုအား ယာယီ Semi Lockdown ချထား
Tags
# COVID-19
# ရှမ်းတောင်သတင်းများ
# လင်းခေး
Share This
About Unknown
လင်းခေး
Tags
COVID-19,
ရှမ်းတောင်သတင်းများ,
လင်းခေး