ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာ (တောင်ကြီး)၌ စစ်ဆေးသည့် ဓါတ်ခွဲနမူနာများအနက် ၂၃၈ ဦး၏ ဓါတ်ခွဲနမူနာများတွင် COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးမြို့နယ်၊ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်၊ မောက်မယ်မြို့နယ်၊ လွိုင်လင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ မိုင်းကိုင်မြို့နယ်နှင့် စဝ်စံထွန်းဆေးရုံတို့မှ ဓါတ်ခွဲနမူနာ ၄၃၅ ခုအား PCR ဖြင့် စစ်ဆေးရာ ၂၃၈ ခုတွင် ပိုးတွေ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာ(တောင်ကြီး)က ယနေ့ ဩဂုတ်လ ၂၅ ရက်၊ ညပိုင်းတွင် ထုတ်ပြန်ခြင်း ဖြစ်သည်။
.
ပိုးတွေ့ ရာခိုင်နှုန်း အနေဖြင့် ၅၄ ဒသမ ၇၁ ရာခိုင်နှုန်း ရှိပြီး အများဆုံး ပိုးတွေ့ခဲ့သော မြို့နယ်မှာ တောင်ကြီးမြို့နယ် ဖြစ်ပြီး ပိုးတွေ့သူ ၁၂၉ ဦး ရှိကြောင်း သိရသည်။