PHL တောင်ကြီး၌ စစ်ဆေးသည့် ဓါတ်ခွဲနမူနာများအနက် ၂၇၉ ဦးတွင် COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

PHL တောင်ကြီး၌ စစ်ဆေးသည့် ဓါတ်ခွဲနမူနာများအနက် ၂၇၉ ဦးတွင် COVID-19 ပိုးတွေ့

ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာ (တောင်ကြီး)၌ စစ်ဆေးသည့် ဓါတ်ခွဲနမူနာများအနက် ၂၇၉ ဦး၏ ဓါတ်ခွဲနမူနာများတွင် COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။

.
ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ မိုင်းပန်မြို့နယ်နှင့် စဝ်စံထွန်းဆေးရုံတို့မှ ဓါတ်ခွဲနမူနာ ၅၅၄ ခုအား PCR ဖြင့် စစ်ဆေးရာ ၂၇၉ ခုတွင် ပိုးတွေ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာ(တောင်ကြီး)က ယနေ့ ဩဂုတ်လ ၂၅ ရက်၊ ညပိုင်းတွင် ထုတ်ပြန်ခြင်း ဖြစ်သည်။
.
ပိုးတွေ့ ရာခိုင်နှုန်း အနေဖြင့် ၅၀ ဒသမ ၃၆ ရာခိုင်နှုန်း ရှိပြီး အများဆုံး ပိုးတွေ့ခဲ့သော မြို့နယ်မှာ တောင်ကြီးမြို့နယ် ဖြစ်ပြီး ပိုးတွေ့သူ ၁၆၃ ဦး ရှိကြောင်း သိရသည်။
.
#KBZTai #Shan #PHLTaunggyi  #COVID19

Journal Download

Photo of three cats