ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာ (တောင်ကြီး)၌ စစ်ဆေးသည့် ဓါတ်ခွဲနမူနာများအနက် ၄၃၈ ဦး၏ ဓါတ်ခွဲနမူနာများတွင် COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် ၈ ခုမှ ဓါတ်ခွဲနမူနာ ၆၉၈ ခုအား PCR ဖြင့် စစ်ဆေးရာ ၄၃၈ ခုတွင် ပိုးတွေ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာ(တောင်ကြီး)က ယနေ့ ဩဂုတ်လ ၂၀ ရက် (၁၉ ရက်၊ ညပိုင်း)တွင် ထုတ်ပြန်ခြင်း ဖြစ်သည်။
.
ပိုးတွေ့ ရာခိုင်နှုန်း အနေဖြင့် ၆၂ ဒသမ ၇၅ ရာခိုင်နှုန်း ရှိပြီး အများဆုံး ပိုးတွေ့ခဲ့သော မြို့နယ်မှာ တောင်ကြီးမြို့နယ် ဖြစ်ပြီး ပိုးတွေ့သူ ၃၀၄ ဦး (စဝ်စံထွန်််း အပါ) ရှိကြောင်း သိရသည်။
.
#KBZTai #Shan #PHLTaunggyi #COVID19
