ကမ္ဘောဇတိုင်း သတင်းသမားများ ဖမ်းဆီး/အမှုဖွင့် ခံထားရမှု အခြေအနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကမ္ဘောဇတိုင်း သတင်းသမားများ ဖမ်းဆီး/အမှုဖွင့် ခံထားရမှု အခြေအနေ


ကမ္ဘောဇတိုင်းမှ အယ်ဒီတာ နန်းနန်းတိုင်း (ခ) နန်းနွေးနွေးလှိုင်၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ကိုတင်အောင်ကျော်နှင့် စိုင်းစည်သူ (သတင်းသမား မဟုတ်ဘဲ မိသားစုဝင်သာ ဖြစ်သော်လည်း သတင်းသမားဟု ဆိုကာ ဖမ်းဆီးခံရသူ)တို့သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်၊ ညပိုင်းတွင် ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့၌ အဖမ်းခံရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ကာ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာရှိ ညောင်ရွှေအကျဉ်းထောင်၌ ဖမ်းဆီးခံထားရခြင်း ဖြစ်ပါသည်။


ထို့အတူ ကမ္ဘောဇတိုင်း၏ အယ်ဒီတာချုပ် ဖြစ်သူ ကိုဇေတိုင်း ကိုလည်း ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၈ ရက်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားပါသည်။ (ဖမ်းဆီး ခံရခြင်း မရှိပါ။)


သတင်းသမားများ ဖမ်းဆီး ခံရစဉ် အသိမ်းဆည်းခံရသော ပစ္စည်းများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -


(က) အယ်ဒီတာချုပ် ကိုဇေတိုင်း ၏ မီဒီယာကတ် မူရင်း၊ နိုင်ငံသားစိစစ်ရေးကတ် မူရင်း၊ ယာဉ်မောင်းလိုင်စင် မူရင်း၊ အိမ်ထောင်စုဇယား မူရင်း၊ Lenovo အမျိုးအစား Laptop ၁ လုံး (ပစ္စည်းစုံ)၊ Nikon အမျိုးအစား ကင်မရာ ၁ လုံး၊ Panasonic အမျိုးအစား ဗွီဒီယိုကင်မရာ ၁ လုံးနှင့် မိသားစုဓါတ်ပုံများ။


(ခ) နန်းနန်းတိုင်း ပိုင်ဆိုင်သည့် OPPO အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး။


(ဂ) နန်းဝင်းရီ ပိုင်ဆိုင်သည့် TOSHIBA အမျိုးအစား Laptop (ပစ္စည်းစုံ)နှင့် OPPO အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး။


(ဃ) ကိုတင်အောင်ကျော် ပိုင်ဆိုင်သည့် Redmi အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးနှင့် Mother Box ၁ ခု။


(င) စိုင်းစည်သူ ပိုင်ဆိုင်သည့် Redmi အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး။


💠 ကမ္ဘောဇတိုင်းသည် လွတ်လပ်၍ အမှီအခိုကင်းသော မီဒီယာအဖြစ် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ အခြေစိုက်၍ သတင်းမီဒီယာ လုပ်ငန်းကိုသာ ဆောင်ရွက်နေသော မီဒီယာ ဖြစ်ပါသည်။


ကမ္ဘောဇတိုင်းသို့ ဆက်သွယ်လိုသူများ အနေဖြင့် အပြာရောင် အမှန်ခြစ် ပါရှိသော Facebook Page စာမျက်နှာများ၏ messenger ဖြင့် ဖြစ်စေ၊ ဖုန်းနံပါတ် +66931217006 သို့ viber, signal, telegram တို့ဖြင့် ဖြစ်စေ ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။

Journal Download

Photo of three cats