မိုင်းဖြတ်မြို့နယ်၊ ဟိုနား(ရှမ်း)ရပ်ကွက်၊ မြို့ဝင်ဂိတ် အနီး၌ ဒေသကာလပေါက်စျေး ကျပ်သိန်း ၂၄ဝဝ တန်ဖိုးရှိ ICE များကို သြဂုတ်လ၊ ၂၆ ရက်က သိမ်းဆည်း ရမိခဲ့သော်လည်း သယ်ဆောင်လာသူမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။
.
ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မိုင်းဖြတ်မြို့နယ်၊ ဟိုနား(ရှမ်း)ရပ်ကွက်၊ မြို့ဝင်ဂိတ်တွင် ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့် မပေးဘဲ မောင်းနှင်ထွက်ပြေးစဉ် လမ်းဘေးသို့ ထိုးကျသွားပြီးနောက် ယာဉ်မောင်းမှာ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ICE အလေးချိန် ၁၂ ကီလို (ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၂၄ဝဝ သိန်း) အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်၍ တရားခံ ဖမ်းဆီးရမိရေး စုံစမ်းလျက် ရှိကြောင်း CCDAC MYANMAR ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
#KBZTai #Shan #Mongphyak #News