.
လားရှိုးမြို့၊ နမ့်ပါချီးရှိ စားသောက်ရေး ခက်ခဲနေသည့် အိမ်ခြေ ၁၂၀ ကို လွတ်လပ်သော လူငယ် စေတနာ့ဝန်ထမ်း (FYV)အဖွဲ့က ယနေ့ ဩဂုတ်လ ၂၀ ရက်တွင် စားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
.
" COVID-19 ကာလမှာ ခက်ခဲနေကြတဲ့ လက်လုပ်လက်စား အဖွဲ့တွေ အဆင်ပြေစေဖို့ အတွက် ရည်ရွယ် လှူဒါန်းတာပါ။" ဟု FYV အဖွဲ့မှ စိုင်းလျန်းက ပြောသည်။
.
စားဝတ်နေရေး ခက်ခဲမှုများ ရှိနေ၍ အကူအညီ တောင်းခံလာသဖြင့် အိမ်ခြေ ၁၂၀ မှ ရှမ်း၊ ပလောင်၊ ဗမာ တိုင်းရင်းသားများ အတွက် စုစုပေါင်း ငွေကျပ် ၁၁ သိန်းကျော်ခန့် တန်ဖိုးရှိ ဆန်၊ ကြက်ဥ၊ ကြက်သွန်၊ အာလူး၊ ကြာဇံ၊ ခရမ်းချဉ်သီး၊ ကုလားပဲ၊ ဆီများကို လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
လားရှိုးမြို့နယ်ရှိ စားသောက်ရေး ခက်ခဲနေသူများနှင့် လှူဒါန်းလိုသူများ အနေဖြင့် လွတ်လပ်သော လူငယ် စေတနာ့ဝန်ထမ်း (FYV)အဖွဲ့သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
.
#KBZTai #Shan #Lashio