လားရှိုးမြို့နယ်အတွင်းရှိ ဆန်ပြုတ်သာ စားသောက်နေရသည့် အိမ်ထောင်စု ၆၆ စုကို Freedom Youth Volunteer အဖွဲ့မှ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့နယ်အတွင်းရှိ ဆန်ပြုတ်သာ စားသောက်နေရသည့် အိမ်ထောင်စု ၆၆ စုကို Freedom Youth Volunteer အဖွဲ့မှ လှူဒါန်း

.

လားရှိုးမြို့နယ်၊ ဟိုပိတ်အုတ်ဖိုကျေးရွာအုပ်စုအတွင်းရှိ စားဝတ်နေရေး ခက်ခဲပြီး ဆန်ပြုတ်သာ စားသောက် နေရသည့် အိမ်ထောင်စု ၆၆ စုတို့ကို လားရှိုးမြို့ရှိ လွတ်လပ်သော လူငယ်စေတနာ့ဝန်ထမ်းများအဖွဲ့ (Freedom Youth Volunteer) က ယမန်နေ့ ဇူလိုင်လ ၃၁ ရက်တွင် ဆန်နှင့် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းခဲ့သည်ဟု သိရသည်။

.

.

ထိုသို့ လှူဒါန်းရာတွင် အိမ်ထောင်စု ၆၆ စုအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ အာလူး၊ ခရမ်းချဉ်နှင့် ခေါက်ဆွဲ ခြောက်ထုပ်၊ စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၀ သိန်းကျော် သွားရောက်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း Freedom Youth Volunteer အဖွဲ့ ဥက္ကဋ္ဌ စိုင်းလျန်း ထံက သိရသည်။

.

“ကျွန်တော်တို့က အရင်က လိုရင်ယူ၊ ပိုရင်လှူ ဆိုတဲ့အစီအစဉ်လုပ်တယ်။ အဲဒါကို သူတို့က သိလို့ ဖုန်းဆက်ပြီး အကူအညီတောင်းလာတာပါ။ သူတို့က ဆန်ပြုတ်ကို ၇ ရက်လုံး ဆက်တိုက်စားပြီး ၃ နပ်လုံး ဆန်ပြုတ်စားရတဲ့ နေ့တွေရှိတယ်။ ဒါကြောင့် လှူဒါန်းဖြစ်တာပါ။ သူတို့ကို ထပ်ပြီးလှူချင်တာရှိရင်လည်း ကျွန်တော်တို့ကို ဆက်သွယ် လို့ရပါတယ်။ ကျွန်တော်တို့က လုံးဝခက်ခဲနေတဲ့ လက်လုပ်လက်စားတွေ အကူအညီတောင်းလာတာ ရှိရင်တော့ ကူညီပေးဖြစ်ပါတယ်” ဟု စိုင်းလျန်းက ပြောသည်။

.

လားရှိုးမြို့နယ်အတွင်းရှိ အကူအညီလိုအပ်သူများ၊ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် Freedom Youth Volunteer အဖွဲ့ ထံသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

.


Journal Download

Photo of three cats