တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ COVID-19 ပိုး ရှိသူ စုစုပေါင်း ၉၉၀ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
COVID-19 ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရန်အတွက် Stay at Home သတ်မှတ်ထားသည့် ရပ်စောက်မြို့နယ်တွင် ယမန်နေ့ ဩဂုတ်လ ၂၅ ရက်က COVID-19 ပိုးရှိသူ ၈၀ ဦး တွေ့ရှိခဲ့ရာ ပိုး တွေ့ရှိမှုမှာ သိသာစွာ လျော့နည်းလာခြင်း မရှိသေးပေ။
.
ရပ်စောက်မြို့နယ်တွင် COVID-19 တတိယလှိုင်းကာလ ဩဂုတ်လ ၂၅ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၉၉၀ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် သေဆုံးသူ ၁၄ ဦး၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၇၁၀ ဦး ရှိကြောင်း သိရသည်။
.
#KBZTai #Shan #Yatsouk #COVID19