.
ရှမ်းပြည်နယ်တွင် COVID-19 တတိယလှိုင်းကာလ ဇွန်လ ၁ ရက်မှ ဩဂုတ်လ
၉ ရက်အထိ ရက်ပေါင်း ၇၀ အတွင်း လူပေါင်း ၇၀၀ နီးပါးခန့် COVID-19 ရောဂါဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
.
COVID-19 တတိယလှိုင်းကာလ ဇွန်လ ၁ ရက်မှ ယမန်နေ့
ဩဂုတ်လ ၉ ရက်အထိ ရှမ်းပြည်နယ်တစ်ခုလုံးတွင် COVID-19 ရောဂါ အတည်ပြုလူနာ
၂၂၅၂၉ ဦး တွေ့ရှိခဲ့ပြီး ယင်းတို့အနက် ၆၈၅ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
.
ပိုးတွေ့လူနာများအနက် ၁၅၄၆၇ ဦးမှာ ရောဂါသက်သာသဖြင့် ဆေးရုံဆင်းခွင့်ရခဲ့ပြီးဖြစ်ကာ
၆၃၇၇ ဦးကို ဆေးရုံနှင့် ကုသရေးစင်တာအသီးသီးတွင် စောင့်ကြည့်ကုသပေးလျက်ရှိကြောင်း ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မှ သိရသည်။
.
ရှမ်းပြည်နယ်အတွင်း ဒေသအလိုက် COVID-19 ရောဂါပိုး တွေ့ရှိမှု အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွင် ပိုးတွေ့လူနာ
၁၁၉၀၈ ဦး ဖြင့် အများဆုံး တွေ့ရှိခဲ့ပြီး ယင်းတို့အနက် ၃၇၄ ဦး သေဆုံး၍ ၉၀၈၃ ဦးမှာ ဆေးရုံဆင်းခွင့်
ရပြီဖြစ်ကာ လက်ရှိ ကုသဆဲလူနာ ၂၄၅၁ ဦး ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင်မူ
ပိုးတွေ့လူနာ စုစုပေါင်း ၈၁၀၈ ဦး တွေ့ရှိခဲ့သည့်အနက် ၂၉၄ ဦး သေဆုံးခဲ့ပြီး ၄၇၁၆ ဦးမှာ
ဆေးရုံမှာ ဆင်းခွင့်ရပြီဖြစ်ကာ လက်ရှိကုသဆဲလူနာ ၃၀၉၈ ဦး ရှိကြောင်း သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ပိုးတွေ့လူနာ စုစုပေါင်း ၂၅၁၃ ဦး တွေ့ရှိခဲ့ပြီး ၁၇ ဦး သေဆုံး၍ ၁၆၆၈ ဦးမှာ ဆေးရုံဆင်းခွင့်ရပြီဖြစ်ကာ လက်ရှိကုသဆဲလူနာ ၈၂၈ ဦး ရှိကြောင်း သိရသည်။