ရှမ်းပြည်နယ်တွင် COVID-19 ကူးစက်ခံရသူ ၈၂၈ ဦး တွေ့ရှိခဲ့ရာ တစ်နိုင်ငံလုံးတွင် အများဆုံး ဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်တွင် COVID-19 ကူးစက်ခံရသူ ၈၂၈ ဦး တွေ့ရှိခဲ့ရာ တစ်နိုင်ငံလုံးတွင် အများဆုံး ဖြစ်




ရှမ်းပြည်နယ်တွင် COVID-19 ကူးစက်ခံရသူ ၈၂၈ ဦး တွေ့ရှိခဲ့ရာ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် အများဆုံး ပိုးတွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
ယမန်နေ့ ဩဂုတ်လ ၁၈ ရက် မြို့နယ်အလိုက် COVID-19 ပိုး တွေ့ရှိရမှု အခြေအနေအား ယနေ့  ဩဂုတ်လ ၁၉ ရက်၊ ညနေ ၄ နာရီ၌ ထုတ်ပြန်ခဲ့ရာ တစ်နိုင်ငံလုံး တွေ့ရှိမှု ၂၈၇၈ ဦးအနက် ရှမ်းပြည်နယ်မှ အများဆုံး ပါရှိလာခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ ရှမ်းပြည်နယ်၏ ပိုးတွေ့ရှိမှု အများဆုံး အခြေအနေမှာ ဩဂုတ်လ ၁၇ ရက်၊ ဩဂုတ်လ ၁၅ ရက်၊ ဩဂုတ်လ ၁၄ ရက်၊ ဩဂုတ်လ ၁၃ ရက်နှင့် ဩဂုတ်လ ၁၁ ရက်တို့တွင်လည်း တွေ့ရှိရကြောင်း သိရသည်။
.
COVID-19 ကူးစက်ပျံ့နှံ့မှု များပြားလာသည့် ရှမ်းပြည်နယ်တွင် လားရှိုး၊ လောက်ကိုင်၊ နောင်ချို၊ သီပေါ၊ တာချီလိတ်၊ မူဆယ်၊ တောင်ကြီး၊ ညောင်ရွှေ၊ ရပ်စောက်မြိုနယ်များနှင့် အောင်ပန်းမြို့တို့ကို Stay at Home အမိန့် ထုတ်ပြန်ထားပြီး ယင်း ဒေသများတွင်ပင် ကူးစက်ပျံ့နှံ့မှုများ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan  #COVID19

Journal Download

Photo of three cats