တောင်ကြီးမြို့နယ်တွင် COVID-19 လူနာ ၉၁ ဦး ထပ်မံတွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်တွင် COVID-19 လူနာ ၉၁ ဦး ထပ်မံတွေ့ရှိ

.

တောင်ကြီးမြို့နယ်တွင် ယနေ့ ဩဂုတ်လ ၂ ရက် RTD Test Kit စစ်ဆေးမှုများအရ COVID-19 လူနာသစ် ၉၁ ဦး ထပ်မံ တွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာများအနက် ၆ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

.

.

ပိုးတွေ့လူနာသစ်များမှာ တောင်ကြီးမြို့မှ ၈၅ ဦး၊ အေးသာယာမြို့မှ ၃ ဦး၊ ရွှေညောင်မြို့မှ တစ်ဦး၊ ကျေးရွာအုပ်စု များမှ တစ်ဦးနှင့် ညောင်ရွှေမြို့နယ်မှ တစ်ဦးတို့ဖြစ်ပြီး ယနေ့ ထပ်မံသေဆုံးသူများမှာ တောင်ကြီးမြို့မှ ၅ ဦးနှင့် ရွှေညောင်မြို့မှ တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

.

သို့ဖြစ်၍ တောင်ကြီးမြို့နယ်တွင် COVID-19 ရောဂါ တတိယလှိုင်းကာလ ဇွန်လ ၁ ရက်မှ ယနေ့ ဩဂုတ်လ ၂ ရက်အထိ COVID-19 ရောဂါအတည်ပြုလူနာ ၁၉၁၅ ဦး တွေ့ရှိထားပြီး ယင်းတို့အနက် ၁၁၅ ဦး သေဆုံး၍ ၇၄၀ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကာ လက်ရှိ ကုသဆဲလူနာ ၁၀၆၀ ဦး ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats