နမ့်စန်တွင် COVID-19 ပိုး ရှိသူ ၉ ဦး ထပ်တွေ့ခဲ့သဖြင့် စုစုပေါင်း ၆၁၁ ဦး ရှိပြီ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

နမ့်စန်တွင် COVID-19 ပိုး ရှိသူ ၉ ဦး ထပ်တွေ့ခဲ့သဖြင့် စုစုပေါင်း ၆၁၁ ဦး ရှိပြီ

နမ့်စန်မြို့နယ်၌ ယနေ့ ဩဂုတ်လ ၂၃ ရက်တွင် COVID-19 ပိုး ရှိသူ ၉ ဦး ထပ်မံ တွေ့ရှိခဲ့သဖြင့် စုစုပေါင်း လူနာ ၆၁၁ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

.
နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ အနံ့ပျောက်၊ ဖျားနာ၊ ချောင်းဆိုး၍ လာရောက် ပြသသူ ၂၄ ဦးကို RDT Test Kit ဖြင့် စစ်ဆေးရာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃ ဦးတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ပြီး ၎င်းတို့အား ပြည်သူ့ဆေးရုံရှိ သံဃာဆောင်၊ ၄ ထပ်ဆောင်နှင့် ကောင်းမြတ်ကိုယ်ပိုင်အထက်တန်းကျောင်းတို့တွင် ထားရှိကာ ဆေးကုသမှု ပေးမည် ဖြစ်‌ကြောင်း သိရသည်။
.
နမ့်စန်မြို့နယ်တွင် ဩဂုတ်လ ၂၃ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၆၁၁ ဦး‌ တွေ့ရှိခဲ့ပြီး ယင်းအနက် သေဆုံးသူ ၁၄ ဦး၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၄၀၈ ဦး ရှိပြီ ဖြစ်သည်။
.


[ Photo - Namsang Covid- 19 Information ]

Journal Download

Photo of three cats