.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၌ ယနေ့ ဩဂုတ်လ ၇ ရက်တွင် COVID-19 ပိုး ရှိသူ ၆၀ ဦး ထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၀ ဦးရှိ ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
.
အဆိုပါ ပိုးတွေ့လူနာများမှာ PCR စစ်ဆေးသူ ၁၄ ဦးနှင့် RDT စစ်ဆေးသူ ၄၆ ဦးတို့ ဖြစ်ကာ ယင်းစာရင်းမှာ နေအိမ်များ၌ နေထိုင် ကုသသူများ မပါဝင်ကြောင်း သိရသည်။
.
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယနေ့ ဩဂုတ်လ ၇ ရက်တွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ အသစ် ၃၆၅၁ ဦး တွေ့ရှိခဲ့ပြီး ယနေ့ ထပ်မံသေဆုံးသူ ၂၆၄ ဦး ရှိကြောင်း သိရသည်။
.