တောင်ကြီးမြို့နယ်၌ ယနေ့ ဩဂုတ်လ ၁၀ ရက်တွင် COVID-19 ပိုး ရှိသူ ၂၃၇ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။
.
ယခင် ပိုးတွေ့လူနာများနှင့် ဆက်စပ်မှု ရှိသူများအား PCR ဖြင့် စစ်ဆေးရာ ၁၉၇ ဦးတွင် လည်းကောင်း၊ RDT ဖြင့် စစ်ဆေးရာ ၄၀ ဦးတွင်လည်းကောင်း COVID-19 ပိုး တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
Stay at Home ထုတ်ပြန်ထားသည့် တောင်ကြီးမြို့နယ်တွင် COVID-19 ကူးစက် ပျံ့နှံမှုအား ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် မိမိ အိမ်တွင်း၌သာ နေထိုင်ကာ သတ်မှတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်နှင့် ကျန်းမာရေး လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာကြရန် အသိပေးနှိုးဆော်မှုများကို ပြုလုပ်နေလျက် ရှိသည်။
.
ထို့အပြင် COVID-19 ပိုးတွေ့လူနာများ အချိန်မီ ကုသမှု ခံယူနိုင်ရေးအတွက် လူနာ အရေးပေါ် လွှဲပြောင်းရေး အဖွဲ့ (EMTT) ကို ယနေ့တွင် ဖွဲ့စည်းခဲ့ပြီး တရားဝင် ဖြစ်စေ၊ တရားမဝင် ဖြစ်စေ Positive ဖြစ်ပါက အဖွဲ့ဝင် ဆရာဝန်များနှင့် ဆက်သွယ် ဆွေးနွေး တိုင်ပင်နိုင်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။