နမ့်စန်တွင် COVID-19 လူနာသစ် ၁၀ ဦး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်စန်တွင် COVID-19 လူနာသစ် ၁၀ ဦး တွေ့ရှိ

.

လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယနေ့ ဩဂုတ်လ ၈ ရက် RDT Test Kit စစ်ဆေးမှုများအရ COVID-19 လူနာသစ် ၁၀ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

.

.

နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ဖျားနာချောင်းဆိုး၍ လာရောက်ပြသသူများ နှင့် သံသယလူနာ စုစုပေါင်း ၅၃ ဦးကို မြို့နယ် COVID-19 ရောဂါစစ်ဆေးရေးစင်တာ၌ RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ အနံ့ပျောက်သူ တစ်ဦး၊ ဆေးရုံလာပြသူ ၄ ဦး ၊ အခြားမြို့နယ်မှပြန်လာပြီး အသွားအလာကန့်သတ်ထားသူများ နှင့် ပိုးတွေ့လူနာ များနှင့်ထိတွေ့မှုရှိခဲ့သူများထဲမှ ၆ ဦး၊ စုစုပေါင်း ၁၀ ဦးထံတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ COVID-19 ရောဂါ ပိုးတွေ့လူနာများကို နမ့်စန်ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်တွင် ထားရှိကုသပေးလျက်ရှိပြီး ၎င်းတို့နှင့် ထိတွေ့ခဲ့သူများကိုလည်း အသွားအလာကန့်သတ်ထားရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

နမ့်စန်မြို့နယ်တွင် ယနေ့ ဩဂုတ်လ ၈ ရက်အထိ COVID-19 ရောဂါပိုးတွေ့လူနာ စုစုပေါင်း ၃၁၇ ဦး ရှီပြီဖြစ်ပြီး ယင်းတို့အနက် ၁၀ ဦး သေဆုံး၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၂၀၄ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် COVID-19 သတင်းမှန် ပြန်ကြားရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats