ရှမ်းပြည်နယ်၌ COVID-19 ကာကွယ်ဆေး ထိုးနှံ ပြီးသူ ၁၅၆၇၃၇ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်၌ COVID-19 ကာကွယ်ဆေး ထိုးနှံ ပြီးသူ ၁၅၆၇၃၇ ဦး ရှိ

.

ရှမ်းပြည်နယ် အတွင်း၌ ဩဂုတ်လ ၁၁ ရက်ထိ COVID-19 ကာကွယ်ဆေး ထိုးနှံပြီးသူ  ၁၅၆၇၃၇ ဦး ရှိကြောင်း သိရသည်။

.


.

ပြည်နယ်အတွင်း၌ ဇူလိုင်လ ၃၀ ရက်မှ စတင်၍ ဦးစားပေးအုပ်စုများ အလိုက် ဆေးထိုးနှံရေး အဖွဲ့များက ရှမ်းပြည်နယ် တောင်ပိုင်းတွင် ၇၇၁၃၈ ဦး၊ မြောက်ပိုင်းတွင် ၄၉၄၀၇ ဦး၊ အရှေ့ပိုင်းတွင် ၃၀၁၉၂ ဦး၊ စုစုပေါင်း ၁၅၆၇၃၇ ဦးကို COVID-19 ကာကွယ်ဆေး Sinovac နှင့် Sinopharm တို့ကို ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

COVID-19 ရောဂါ တတိယလှိုင်း ဖြစ်ပွားသည့် ကာလအတွင်း ရှမ်းပြည်နယ်တွင် ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၂၃၉၃၆ ဦး တွေ့ရှိပြီး ယင်းအနက် ရောဂါပိုး ပြန်လည် ကင်းစင်လာသူ ၁၆၆၀၉ ဦး၊သေဆုံးသူ ၇၃၂ ဦး ရှိခဲ့ပြီး ၆၅၉၅ ဦးမှာ သက်ဆိုင်ရာ ဆေးရုံများတွင် ဆေးကုသမှု ခံယူနေဆဲ ဖြစ်သည်။

.

Journal Download

Photo of three cats