ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့နယ်၌ COVID-19 တတိယလှိုင်းကာလ အတွင်း COVID-19 ဖြင့် သေဆုံးရသူ ၂၀၀ ဦး ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်တွင် COVID-19 ပိုးရှိသူ စုစုပေါင်း ၃၄၄၅ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၁၈၀၆ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကာ ၂၀၀ ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်။
.
ယနေ့ ဩဂုတ်လ ၂၀ ရက်တွင်မူ တောင်ကြီးမြို့နယ်၌ COVID-19 ပိုးရှိသူ အသစ် ၃၃၆ ဦး ထပ်မံ တွေ့ရှိခဲ့ပြီး သေဆုံးသူ ၃ ဦး ရှိကြောင်း သိရသည်။
.
အဆိုပါ အသစ် တွေ့ရှိသည့် အတည်ပြုလူနာများမှာ တောင်ကြီးမြို့မှ ၂၄၁ ဦး၊ အေးသာယာမြို့မှ ၇၁ ဦး၊ ရွှေညောင်မြို့မှ ၅ ဦး၊ ကျောက်တလုံးကြီးမြို့မှ ၈ ဦး၊ ညောင်ရွှေမြို့မှ ၁ ဦးနှင့် ကျေးရွာအုပ်စုများမှ ၁၀ ဦးတို့ ဖြစ်ကြောင်း သိရသည်။
.
Stay at Home ထုတ်ပြန်ထားသည့် တောင်ကြီးမြို့နယ်တွင် COVID-19 ကူးစက် ပျံ့နှံမှုအား ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် မိမိ အိမ်တွင်း၌သာ နေထိုင်ကာ သတ်မှတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်နှင့် ကျန်းမာရေး လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာကြရန် အသိပေးနှိုးဆော်မှုများကို သက်ဆိုင်ရာဌာနများက ပြုလုပ်နေလျက် ရှိသည်။
.
#KBZTai #Shan #Taunggyi #COVID19