.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း
COVID-19 လူနာသစ် ၂၂၂ ဦး
တွေ့ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာန (တောင်ကြီး) (PHL-Taunggyi)
၏ ယနေ့ ဩဂုတ်လ ၁၂ ရက်၊ ည ၁၀ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
.
.
ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန
(တောင်ကြီး) တွင် ရယူစစ်ဆေးခဲ့သော ဓါတ်ခွဲနမူနာ ၅၂၃ ခုအနက် ၂၂၂ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ပိုးတွေ့လူနာများမျာ
တောင်ကြီးမြို့နယ်မှ ၁၃၃ ဦး၊ ဆီဆိုင်မြို့နယ်မှ ၁ ဦး၊ ပင်းတယမြို့နယ်မှ ၂ ဦး၊ နမ့်စန်
မြို့နယ်မှ ၂၂ ဦး၊ ရွာငံမြို့နယ်မှ ၃၆ ဦး၊ ဟိုပုံးမြို့နယ်မှ ၂၂ ဦး၊ ဖယ်ခုံမြို့နယ်မှ
၃ ဦးနှင့် တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံမှ ၃ ဦးတို့ဖြစ်ကြောင်း သိရသည်။
.
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်
ယနေ့ ဩဂုတ်လ ၁၂ ရက်တွင် COVID-19 လူနာသစ် ၃၄၃၀ ဦး တွေ့ရှိ ခဲ့ကြောင်း သိရသည်။
.